မြောင်းမြမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မြောင်းမြ   သြဂုတ်  

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကိုဗစ်၁၉ ကာကွယ် ဆေးထိုးရန် ကျန်ရှိနေသော နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကာကွယ်ဆေးနှံပေး ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြောင်းမြမြို့ မြရွှေဝါခန်းမနှင့် ပညာရတနာခန်းမတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် Sinopharm အမျိုးအစား  ကိုဗစ်၁၉ Vaccine များကို ယနေ့နံနက်(၁၀)နာရီမှ နေ့လည်()နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာကြည်