ဖျာပုံမြို့နယ်တွင်အနှေးယာဉ်လုပ်သားများနှင့်ဆင်းရဲနွမ်းပါးသူများအားဆန်များလိုက်လံလှူဒါန်း

ဖျာပုံ      ဩဂုတ်       ၉

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပရဟိတဆရာတော် ဉူးသု‌ဘောဂမှဉီးဆောင်၍ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှူဖြင့် အနှေးယာဉ်လုပ်သားကြီးများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွား နေ့စဉ်ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် အနှေးယာဉ်လုပ်သားတစ်ဦးလျှင် ဆန်(၂)ပြည်နှုန်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် ပရဟိတဆရာတော် ဉူးသုဘောဂနှင့်စေတနာရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် အနှေးယာဉ် လုပ်သားကြီးများအား ဆိုက္ကားတစ်စီးလျှင် ဆန်(၂)ပြည်နှုန်းဖြင့်ဆိုက္ကားအစီး(၁၀၀)ကျော်ကိုလည်းကောင်း၊ အမှတ်(၁၇)ရပ်ကွက်ရှိဆင်းရဲနွမ်းပါးသူအိမ်ထောင်စု(၁၁၀)စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်နှုန်းကို လည်းကောင်း၊အမှတ်(၁၅)ရပ်ကွက်ရှိ ဆင်းရဲနွမ်းပါးသူအိမ်ထောင်စု(၂၀၀)ကျော်အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၁) ပြည်နှုန်း၊ အမှတ်(၁၆)ရပ်ကွက်ရှိ ပြည်သူများအား သီးစုံဟင်းများအား လိုက်လံဝေငှပေးခဲ့ကြပြီး အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အခြားရပ်ကွက်များရှိ ပြည်သူများအား ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်