လေရှီးမြို့တွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်များသွားရောက် စစ်ဆေးပြီး စားသောက်ကုန်နှင့် ရောဂါကာကွယ်ရေး ဆက်စပ်ပစ္စည်းများ ထောက်ပံ့

လေရှီး ဩဂုတ် ၉

နာဂဒေသ၊ လေရှီးမြို့တွင် ဖွင့်လှစ်ထားသော ကျန်းမာရေး စစ်ဆေးရေး ဂိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသ volunteer များနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်၌ လူအသွားအလာနှင့် ယာဉ်အသွားအလာများ စစ်ဆေးနေမှု အခြေအနေ များကို သွားရောက်စစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ခေါက်ဆွဲ၊ ကြက်ဥများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆက်စပ်ပစ္စည်းများ ဖြစ်သည့် Mask၊ လက်သန့်ဆေးရည်၊ လက်အိတ်များကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေးအတွက် မော်တော်ကားများ စနစ်တကျ သွားလာစေရေးနှင့် စည်းကမ်းချက်များနှင့်အညီ သွားလာ‌စေရေးကို ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းသူများအား ခေါ်ယူအသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စံ‌ကျော်ဦး(လေရှီး)