ဒုံဟီး သြဂုတ်၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်ယွန်းမြို့နယ်၊ဒုံဟီးမြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါမကူးစက်နိုင်ရေးကြိုတင်ကာကွယ်သည့်အနေဖြင့် ဒုဟီး၊နန်ယွန်း အထွက်လမ်းနှင့် ဒုံဟီး၊ လဟယ်အဝင်လမ်းဂိတ်နှစ်နေရာတို့တွင် ကျန်းမာရေးနှင့် လူအဝင်အထွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ဇူလိုင်လ (၁၄) ရက်နေ့စတင်၍ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်စောင့်ကြပ်ရေးဂိတ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများနှင့် ဒုံဟီးမြို့နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များမှ လူဝင်၊လူထွက်များအား ခရီးသွားရာဇဝင်မေးမြန်းကာ နေ့စဉ်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
ဒုံဟီးမြို့၌ ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာတစ်ဦးမျှမရှိသေးကြောင်း၊ ဒုံးဟီးမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ဒုံဟီး(ပြန်၊ဆက်)