မေတ္တာ ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မေတ္တာမြို့အတွင်း ရှိပြည်သူများကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဩဂုတ်လ (၁၀)ရက်နေ့ နံနက်(၉)နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းထံမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မေတ္တာမြို့ အမှတ်(၁)(၂)(၃)မြို့ပေါ်ရပ်ကွက်များနှင့် တောင်သုံးလုံးကျေးရွာအုပ်စု၊ ကျောက်မဲတောင်ကျေးရွာအုပ်စု၊ မြေးခံဘော်ကျေးရွာအုပ်စု၊ ဖောင်းတောကျေးရွာအုပ်စု၊ ကလစ်ကြီးကျေးရွာအုပ်စု၊ ဟိန္ဒားကျေးရွာအုပ်စု၊ ဆင်ဖြူတိုင် ကျေးရွာအုပ်ကျေးရွာများမှ အသက်(၆၅) နှစ်နှင့် အထက်ရှိအဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သာသနာ့ ဝန်ထမ်းများ မိုးလုံလေလုံခန်းမ၌ ဩဂုတ်လ(၁၀)ရက်နေ့ နံနက် ၉ နာရီမှ ကာကွယ်ဆေးကုန်သည့်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မေတ္တာ(ပြန်/ဆက်)