မောက်မယ်မြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

မောက်မယ်  သြဂုတ် ၉

COVIDE-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဇော် နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်ချိုချိုလွင်တို့က မောက်မယ်မြို့နယ် အတွင်းရှိ မသန်စွမ်းသူများအား  ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မိမိရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ထောက်ပံ့ရန်ကျန်ရှိသည့် မသန်စွမ်းသူ များ(၇၆)ဦးအတွက် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ငွေ(၂၂၈၀၀၀ဝိ/−)ကျပ်အား တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဆက်လက် ထောက်ပံ့နိုင်ရန် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)