မာန်အောင်၌ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှုမရှိစေရေး Mask Campaignဆောင်ရွက်

မာန်အောင် သြဂုတ် ၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်MaskCampaignလှုပ်ရှားမှုများကိုစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာယနေ့နံနက်၈နာရီကမြို့မစည်ပင်သာယာစျေး၌ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကစျေးရောင်းစျေးဝယ်သူများအားMask များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အတတ်နိုင်ဆုံးမိမိနေအိမ်တွင်သာနေထိုင်ကြပြီးမဖြစ်မနေအိမ်ပြင်ထွက်ရပါက Mask ကို တပ်ဆင်ပြီးမှ ထွက်ကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာ/လက်သန့်ဆေးရည်တို့ဖြင့် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ပြောဆိုဆက်ဆံကြရန်၊ လူစုလူဝေးကိုရှောင်ရှားကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအညီ လိုက်နာနေထိုင်ကြရန်တို့ကို အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)