ဘိုကလေးမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး စတင်ဆောင်ရွက်

 ဘိုကလေး ဩဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အများပြည်သူများ၏ စုပေါင်း လှူဒါန်းမှုများဖြင့် အောက်ဆီဂျင်စက်ရုံအား ဘိုကလေးမြို့နယ် ကုတင်(၁၀၀) ပြည်သူ့ ဆေးရုံအနီးတွင် တည်ဆောက်ဖွင့်လှစ်မည်ဖြစ်ရာ စက်ရုံတည်ဆောက်နိုင်ရေး လုပ်ငန်းများအား တာဝန်ရှိသူများမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့် မြေနေရာအား ဘိုကလေးမြို့နယ်ရှိ အောင်ရတနာသန်းဆန်စက်မှ ပေ(၈၀)ပတ်လည် လှူဒါန်းခဲ့ပြီး စက်ရုံအား အလျား (၆၀)ပေ၊ အနံ(၃၀)ပေဖြင့် တည်ဆောက် သွားမည် ဖြစ်ကြောင်းနှင့် စက်ရုံတည်ဆောက် ဖွင့်လှစ်နိုင်ရေးအတွက် အများပြည်သူမတည် လှူဒါန်းငွေ သိန်းပေါင်း(၁၁၀၈)သိန်းကျော် ရရှိနေပြီဖြစ်ကြောင်းလည်း အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး ဆောင်ရွက်နေသူ များထံမှ သိရသည်။ မိုးစက်(ဘိုကလေး)