နောင်တရား ဩဂုတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များကို အခြားတိုင်းဒေသကြီးများသို့ ပေးပို့ လှူဒါန်းပေးလျက်ရှိသည်။ နောင်တရားမြို့ လူပျို၊အပျိုအဖွဲ့နှင့် အလှူရှင်များက ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရောင်းချ၍မရသော စိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားစားသောက်ကုန်များကို လိုအပ်သည့်စားသုံးသူများသို့ ပိုသူလှူ၊ လိုသူယူ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်၊ မုန့်တီခြောက်၊ ကြက်ဥ၊ ဂျင်း၊ ငရုတ်သီးခြောက်၊ ဂေါ်ဖီထုတ်၊ ခရုမ်းချဉ်၊ ပန်းဂေါ်ဖီ၊ အာလူးစသည့်စာသောက်ကုန်များကို ပုဂံဒေသအတွင်းရှိ အိမ်ထောင်စု ၁၅၀၀ အတွက် ကုန်ချိန်၅၀၀၀ ခန့်ပေးပို့လှူဒါန်းခဲ့သည်။ အဆိုပါအစဉ်ဖြင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးသို့လည်း ပေးပို့လှူဒါန်းသွားမည်ဟု သိရသည်။ ခွန်အောင်(နောင်တရား)