နောင်တရား ဩဂုတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တီကျစ်တိုက်နယ်ဆေးရုံတွင် ယနေ့နံနက်ပိုင်းက အလှူရှင်များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
တီကျစ်အလယ်ပိုင်းနေ အလှူရှင် ဦးစိုးလွင် မိသားစုမှ တီကျစ်တိုက်နယ်ဆေးရုံအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင်အသုံးပြုရန် စုစုပေါင်း ငွေကျပ်သိန်း ၂၀ တန်ဖိုးရှိ ကုသရေးသုံးပစ္စည်းများဖြစ်သည့် အောက်ဆီဂျင်စက် တစ်လုံး၊ PPE ဝတ်စုံ (၃၀) စုံနှင့် KN 95 ၁၀ ဘူးကို တီကျစ်တိုက်နယ်ဆေးရုံသို့ လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။