ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၁၁၆)ဦးအားလွှဲပြောင်း

ချင်းရွှေဟော် ဩဂုတ် ၁၀

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံဂိတ်ပေါက်မှ ဝင်ရောက်လာသောတရုတ်နိုင်ငံမှပြန်လာ သည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၁၁၆)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စိစစ်လက်ခံကြောင်း သိရှိရသည်။ အဆိုပါနေရပ်ပြန်ပြည်သူ(၁၁၆)ဦးမှာ အမျိုးသား(၇၄)ဦး၊ အမျိုးသမီး(၄၂)ဦးတို့ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှ(၁)ဦး၊ မြောက်ဥက္ကလာပမြို့နယ်(၁)ဦး၊ မန္တလေးတိုင်း ဒေသကြီး၊စဉ်ကူးမြို့နယ်မှ(၁)ဦး၊ ကျောက်ဆည် မြို့နယ်မှ(၁)ဉီး၊ တောင်သာမြို့နယ်မှ(၄)ဦး၊ မိတ္ထီလာ မြို့နယ်မှ(၁)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ (၁)ဦး၊မိုးကုတ်မြို့နယ်မှ(၁)ဦး၊မကွေးတိုင်းဒေသကြီး၊ တောင်တွင်း ကြီးမြို့နယ်မှ(၁၂)ဦး၊ ကျောက်ထုမြို့နယ်မှ (၁)ဦး၊ အောင်လံမြို့နယ်မှ(၂)ဦး၊ ဆောမြို့နယ်မှ(၇)ဦး၊ ထီးလင်းမြို့နယ်မှ(၁)ဦး၊ မြို့သစ်မြို့နယ်မ ှ(၂)ဦး၊ ပေါက်မြို့နယ်မှ(၂)ဦး၊ ရေစကြိုမြို့နယ်မှ(၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ခင်ဦးမြို့နယ်မှ(၁)ဦး၊ ကသာမြို့နယ်မှ (၂)ဦး၊ ထီးချိုင့်မြို့နယ်မှ(၃)ဦး၊ ကလေးမြို့နယ်မှ(၈)ဦး၊ စစ်ကိုင်းမြို့နယ်မှ(၁)ဦး၊မင်းကင်းမြို့နယ်မှ(၂)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့ နယ်မှ(၃)ဦး၊ ထန်းတပင်မြို့နယ်မှ(၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေး မြို့နယ်မှ(၂)ဦး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ(၁)ဦး၊ မြန်အောင်မြို့နယ်မှ(၂)ဦး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နယ်မှ(၃)ဦး၊ မိုးညှင်းမြို့နယ်မှ(၁)ဦး၊ ကရင်ပြည်နယ်၊ ဘောဂလိမြို့နယ်မှ(၂)ဦး၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မှ(၂)ဦး၊ ကန်ပလက်မြို့နယ်မှ(၄)ဦး၊ တီးတိန်မြို့နယ်မှ(၂)ဦး၊ ရခိုင် ပြည်နယ်၊ မြန်အောင်မြို့နယ် မှ(၁)ဦးနှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ(၃၅)ဦးတို့ဖြစ်ပါသည်။ ၎င်းနေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးဆောင်ရွက်ပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သိရှိရသည်။ စည်သူမောင်မောင်(ပြန်/ဆက်)