သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် ဂါလံ ၈၀၀၀ ဆံ့ စက်သုံးဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

သာစည်သြဂုတ် ၁၀

သာစည်မြို့နယ်၊ ကြပ်စခန်းကျေးရွာအုပ်စု၊ မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် (၄၇/) တွင် ယနေ့နေ့လည် နာရီအချိန်က မိတ္ထီလာမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော ယာဉ်အမှတ် 3K/6420 ဂါလံ (၈၀၀၀) ဆံ့ စက်သုံးဆီသယ် ၂၂ ဘီးယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ မိတ္ထီလာခရိုင် မီးသတ်စခန်းမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဦးစီးသော အုပ်ချုပ်မှုယာဉ်()စီး သာစည်မြို့နယ်မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးစီးသော အုပ်ချုပ်မှုယာဉ်()စီး ယင်းမာပင်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်()စီး ရေသယ်ယာဉ်()စီး Apache ဘိလပ်မြေစက်ရုံမှ ရေသယ်ယာဉ်()စီး၊ Blue Diamond ကုမ္ပဏီမှ ရေသယ်ယာဉ်()စီးတို့ဖြင့် တိမ်းမှောက်သည့်ယာဉ်အား ဆီယိုစိမ့်မှုနှင့် မီးလောင်မှု မဖြစ်ပေါ်စေရေးအတွက် FOAM အမြှုပ်ဆေးရည်များဖြင့် ကြိုတင်ဖုံးအုပ်ကာကွယ်ပေးခြင်း ဆီသယ် ယာဉ်အား ပြန်လည်တည့်မတ် မတင်နိုင်ရေး စက်ယန္တရားများ ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်အသွားအလာများ လမ်းပိတ်ဆို့မှု မရှိကြောင်းနှင့် အဆိုပါယာဉ်၏ ရှေ့လေကာမှန် ကွဲသွားခဲ့ပြီး ယာဉ်မောင်း ယာဉ်နောက်လိုက်များ ထိခိုက်ဒါဏ်ရာ ရရှိမှု မရှိကြောင်း လည်း သိရသည်။

 မြို့နယ်ပြန်/ဆက်