သင်္ကန်း-ဆင်မှုံ ကျေးရွာချင်းဆက် ယာယီ သစ်သားတံတားအတွက် အလှူငွေပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်ကျေးရွာအုပ်စုရှိ သင်္ကန်း-ဆင်မှုံ ကျေးရွာ ချင်းဆက် ယာယီသစ်သားတံတား ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ငွေကျပ်တစ်ဆယ်သိန်း ငါးသောင်းတိတိကို တပ်မတော်ရေ အရာရှိစစ်သည်များ ကိုယ်စားပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး ကျော်သူမျိုးက ပေးအပ်လှူဒါန်းခဲ့ရာ ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ငရုတ်ကောင်း မြို့ အ.ထ.က) ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များတွင် အသုံးပြု ရန်အတွက် ပစ္စည်းများသိုဝှက်ထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲ ဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန် ကြိုးစားသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွင်လိုအပ်သည့် အောက်ဆီဂျင်များထုတ်လုပ်မည့် စက်ရုံမြေနေရာအား ကြည့်ရှု စစ်ဆေး

မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်

မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီတပ်ဖွဲ့သို့ ငွေကျပ်(၄၄)သိန်းတန်ဘိုးရှိအောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ ပြည်သူများက စုပေါင်းပြီး ကြက်ခြေနီအသင်းခွဲ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သို့ အောက်ဆီဂျင်အိုးများကို ယမန်နေ့နံနက် ၁၁ နာရီက လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အ​ရှေ့ပိုင်း)မြို့နယ်၌ သဘာ၀ဘေးတားဆီးကာကွယ်ရေးအတွက် ဆွေးနွေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေး ဥယျာဉ်အိမ်ရာခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သဘာဝဘေးတားဆီးကာကွယ်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ သည်။

ခိုင်ကမ်းမြို့တွင် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အား ဦးစားပေး အုပ်စုအလိုက် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။

မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ရေး ဈေးဝယ်ခွင့်လက်မှတ်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေး နေအိမ်ပြင်ပ ဈေးဝယ်သွားလာ ခွင့်လက်မှတ်ပါရှိမှုရှိ/မရှိနှင့် နှာခေါင်းစည်း တပ်ဆင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်၁၀နာရီက လှိုင်ရပ်ကွက် ဘဲကုန်းဈေးလမ်းမ ကြီး၌ လမ်းသွား/ လမ်းလာပြည်သူများ၊ ယာဉ်များအားမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးတင်ယု၏ ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက် တာဝန်ရှိသူ တို့က ပူးပေါင်းစစ်ဆေးသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်၊ ဆီ၊ ပဲများထောက်ပံ့လှူဒါန်း

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ဆွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်၊ ဆီ၊ ပဲစသည့် ပစ္စည်းသုံးမျိုးကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Subscribe to