မော်လမြိုင် ဩဂုတ် ၁၂
မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့၊ ရွှေနတ်တောင်၊ ရေသန့်စင်စက်ရုံဝင်းအတွင်း တန် (၂၀) ဆံ့ Liquid အောက်ဆီဂျင်ထုတ်စက်ရုံနှင့် (၁) မိနစ်ကို (၂၅၀) လီတာ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် Plant တည်ဆောက်မည့် မြေနေရာအား ပြင်ဆင်ဆောင်ရွက်ထား ရှိမှုများ ကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများအား လျင်လျင်မြန်မြန်နှင့် နှောင့်နှေး ကြန့်ကြာမှုမရှိစေရေး အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်ကြရန် လမ်းညွှန်မှာ ကြားသည်။
မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီးတွင် တန်(၂၀)ဆံ့ Liquid အောက်ဆီဂျင်စက်ရုံကို အမြန်ဆုံးပြီးစီးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အပြင် အခြားမြို့နယ်များတွင်လည်း အောက်စီဂျင်စက်ရုံများကို တည်ဆောက်လျက်ရှိပြီး ယခုရွှေနတ်တောင် အောက်ဆီဂျင်ထုတ်စက်ရုံသည် ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ပေးခြင်းဖြစ်ကာ မကြာမီ တည်ဆောက်ပြီးစီး မည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)