ငရုတ်ကောင်း သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်ကျေးရွာအုပ်စုရှိ သင်္ကန်း-ဆင်မှုံ ကျေးရွာ ချင်းဆက် ယာယီသစ်သားတံတား ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ငွေကျပ်တစ်ဆယ်သိန်း ငါးသောင်းတိတိကို တပ်မတော်ရေ အရာရှိစစ်သည်များ ကိုယ်စားပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး ကျော်သူမျိုးက ပေးအပ်လှူဒါန်းခဲ့ရာ ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ငရုတ်ကောင်း မြို့ အ.ထ.က) ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါတံတားသည် လွန်ခဲ့သောတစ်ပတ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျရေကြောင့် မျောပါပျက်စီးသွားခဲ့ရာ၊ ရေတပ်စခန်းမှ တပ်မတော်သားများ၊ ဒေသခံပြည်သူများ စုပေါင်းလုပ်အားဖြင့် တည်ဆောက်ပေးခဲ့ကြောင်းသိရပါသည်။ တံတားအရှည်မှာ အလျား(၁၇၀)ပေ၊ အနံ(၁၂)ပေ၊ အမြင့် (၁၅)ပေ သစ်သားတံတားဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့တွင် အပြီးသတ်ဆောက်လုပ်ပေးခဲ့ပြီး ယခုအခါ ဒေသခံပြည်သူများ ကောင်းမွန်စွာသွားလာနိုင်ပြီ ဖြစ်ကြောင်းသိရပါသည်။
မြို့နယ် (ပြန်/ဆက်)