လှိုင်သာယာ(အ​ရှေ့ပိုင်း)မြို့နယ်၌ သဘာ၀ဘေးတားဆီးကာကွယ်ရေးအတွက် ဆွေးနွေး ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း)၊ သြဂုတ်လ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေး ဥယျာဉ်အိမ်ရာခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သဘာဝဘေးတားဆီးကာကွယ်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ ဖြစ်ကြ သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုမှ သဘာဝဘေးတားဆီးရေးအတွက် ကြိုတင်ပြင်ဆင်မှုများအနေဖြင့် အရေးပေါ်ကာလအတွင်း၊ သဲ၊ ပီနံအိတ်၊ ဆပ်ပြာ၊ ဆေးဝါးများစသည့် ပစ္စည်းများစုဆောင်းထားရှိခြင်း၊ ကယ်ဆယ်ရေး အတွက် နေရာကြိုတင်စီမံထားရှိခြင်း၊ ကိုဗစ်−၁၉ကာကွယ်ဆေးထိုးနှံမှု အခြေအနေကိုညှိနှိုင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေကို ရပ်ကွက်ကျေးရွာ အုပ်စုအတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်အထက် ရှိသူများ၊ ပရဟိတ/ Volunteerများ၊ ဘိုးဘွားရိပ်သာများ၊ ဘုန်းကြီးကျောင်း/ သီလရှင်ကျောင်း၊ ဘာသာရေးကျောင်း၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/တည်းခိုခန်းများ၊ အကျဉ်းသား/ အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများ၊ SuperMarket/ စျေးများရှိသူ တို့အား  အမှတ်(၃)ရပ်ကွက်ဒေသန္တရ ကျန်းမာရေးဌာနနှင့် လှိုင်သာယာအရှေ့ပိုင်းဆေးရုံတို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းကို ကျန်းမာရေးမှူး ဒေါက်တာ ဒေါ်ကြူကြူသင်းမှ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် သဘာ၀ဘေးတားဆီး ကာကွယ်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း) ပြန် /ဆက်