ခိုင်ကမ်းမြို့တွင် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

ခိုင်ကမ်း   ဩဂုတ် ၁၂

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အား ဦးစားပေး အုပ်စုအလိုက်  ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း (၅)ဦးမှ  လာရောက်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး သတ်မှတ်နေရာဖြစ်သည့် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင်  အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ရဟန်း သာသနာ့ဝန်ထမ်း များ  စသဖြင့် ဦးစားပေး အဆင့်လိုက်ထိုးနှံပေးခဲ့ပါသည်။

ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး သူများအားလုံး သတ်မှတ်ကာလအတွင်း နောက်တစ်ကြိမ် သတ်မှတ်ထားသည့် ကာကွယ်ဆေးထိုးစုရပ်များတွင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေကို မြို့အုပ်ချုပ်ရေးမှုး ဦးလှမျိုး၊ မြို့နယ်မြေရဲစခန်းမှ တာဝန်ခံ ရဲအုပ်ကျော်သူရ၊ မြို့မီးသတ်တပ်ဖွဲ့ဝင်များ Volunteer များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ခဲ့ ကြပါသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)