တနင်္သာရီမြို့နယ်စည်ပင်သာယာဈေးအား Lock Down ချ၍ ယာယီပိတ်ထားမည်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် နေ့စဉ်ကူးစက်မှုနှုန်း မြင့်တက်နေခြင်း၊ ကျေးရွာများအထိ တစ်နေ့ထက်တစ်နေ့ ပိုးတွေ့သူ (Positive)လူနာ များပြားလာခြင်း၊ အောင်မင်္ဂလာ(၂)ကုန်စုံဈေးအနီးရှိ လမ်းများတွင်လည်း ပိုးတွေ့သူနှင့် ထိစပ်သည့် Lock Down ချ၍Home Quarantine အသွားအလာကန့်သတ်ထားသည့် နေအိမ်တစ်ချို့ များပြားလာခြင်း၊ ပိုးတွေ့လူနာများအား စောင့်ကြည့်ထားရှိရန် နေရာခက်ခဲခြင်း တို့ကြောင့် ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် လူစုလူဝေးမပြုလုပ်ဘဲ ရောဂါကူးစက်မှုမှ လျော့နည်းပပျောက်စေရေးရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ချောင်းငယ်ရပ်ကွက်၊ ဈေးလမ်းရှိ "အောင်မင်္ဂလာ(၂)" ကုန်စိမ်းနှင့်သားငါးဈေး၊ ချောင်းကြီးရပ်ကွက်၊ တိုးချဲ့(၁)လမ်းရှိ ပျံကျဈေးတို့ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက်မှ ဩဂုတ်လ(၁၇)ရက်နေ့အထိ တစ်ပတ်တိတိ Lock Down ချ၍ အသွားအလာကန့်သတ်ပြီး အရောင်းအဝယ်ပြုလုပ်ခြင်းအား ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာကုသရေး အဆောင်သစ် ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာကုသရေးဆောင်အသစ် ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုအား ယနေ့ နံနက် ၈ နာရီခွဲက တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ ၂ ဒသမ ၇ ပေ ဆက်လက် ရေကျော်နေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာအချက်အရ တမံရေပြည့်မှတ် ၃၄၀ အထက်  ၂ ဒသမ ၇ ပေ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး  မုန်းချောင်း အောက်ဘက်နှင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင် အသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ထားရှိကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိသေးကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ဒုတိယအကြိမ် ထပ်မံရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ရှိဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် မွေးလူနာတစ်ဦး အောင်မြင်စွာ မွေးဖွား

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသည့် မွေးလူနာတစ်ဦးအား ဩဂုတ်လ(၁၀)ရက်က အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မွေးမိခင်နှင့်ကလေး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကုသရေး စင်တာများအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စေတနာရှင်ပြည်သူများမှလှူဒါန်း သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဓာတ်စာများပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း အောက်စီဂျင်လုံလောက်စွာရရှိရေးအတွက် သုဂတိရှင် နာရေးကူညီမှုအသင်း၏အစီအစဉ်ဖြင့်  ဝယ်ယူသည့်အောက်စီဂျင်စက်သစ်ရောက်ရှိ မြို့မိမြို့ဖများ အစီအစဉ်ဖြင့် ဝယ်ယူမည့်စက်လည်း မကြာမီရောက်ရှိတော့မည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အောက်စီဂျင်လိုအပ်ချက်ကို တစ်ဖက်တလမ်းမှဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက်၊ သုဂတိရှင်နာရေးကူညီမှုအသင်း၏ အစီအစဉ်ဖြင့် ဝယ်ယူခဲ့သည့်၊ တရုတ်နိုင်ငံထုတ် အောက်စီဂျင်စက်သစ်မှာ ယနေ့ နံနက် (၈) နာရီခွဲခန့်က အဆိုပါ စက်ထားရှိမည့် အသင်းရုံးသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

ဖောင်းပြင်မြို့နယ်၌ လူဦးရေ(၃၂၄၄)ဦးအား ကိုဗစ် - ၁၉ကာကွယ်ဆေးထိုးနှံပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ဖောင်းပြင် မြို့နယ်တွင်   ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ် - ၁၉ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်၍ သတ်မှတ်စုရပ်နေရာများ၌ ဦးစားပေး အစီအစဉ်အလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၃၂၄၄)ဦးအား ထိုးနှံပြီးစီးကြောင်း သိရသည်။

မိုးရွာသွန်းမှုနှင့် ရေစီးဆင်းမှုကြောင့် တာလေ-ကျိုင်းလပ်သွား ကားလမ်းမကြီး၌ လမ်းကျွံကျခြင်းဖြစ်ပေါ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ယနေ့ မနက် ၆ နာရီခွဲ အချိန်က မိုးရွာသွန်းမှုနှင့် ရေစီးဆင်းမှုများခြင်းကြောင့် တာလေ-ကျိုင်းလပ်သွား ကားလမ်းမကြီး၌ လမ်းကျွံကျခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Subscribe to