သဲကုန်းမြို့တွင် စက်ရုံအလုပ်ရုံလုပ်သားများ၊ စည်ပင်သာယာဈေးများမှ ဈေးရောင်းသူများနှင့် အချုပ်သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေး

သဲကုန်း သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးခြင်းကို သဲကုန်းမြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံလုပ်သားများ၊ စည်ပင် သာယာဈေးများမှဈေးရောင်းသူများ၊ အချုပ်သားများ စုစုပေါင်း(၇၄)ဦး အား ကျန်းမာရေး ဝန်ထမ်းများ နှင့်အတူ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉‌ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နိုင်လင်း