ဂွမြို့တွင် သံသယလူနာ(၇)ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၊ ဆေးရုံ ဆင်းလူနာ (၂၇) ဦးနှင့် ကုသဆဲလူနာ စုစုပေါင်း(၇၀) ဦးတို့ရှိကြောင်းသိရ

ဂွ   သြဂုတ်  ၁၂

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် သံသယလူနာ (၈)ဦး ကိုစစ်ဆေးခဲ့ရာ သံသယလူနာ(၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။

ပိုးတွေ့လူနာ(၇)ဦးမှာ ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာမှ သံသယလူနာ (၂) ဦး၊ ဆပ်သွားကျေးရွာမှ သံသယလူနာ(၁)ဦး ၊ ရွှေပြည့်ကျေးရွာ (​​ပေါက်တူးကျေးရွာအုပ်စု)မှ သံသယလူနာ (၁)ဦး၊ မြို့မရပ်ကွက်၊ ဦးဥတ္တမလမ်းမှ သံသယလူနာ(၁)ဦး၊  မြို့မရပ်ကွက်၊ တမံ - ၂ လမ်းမှ သံသယ လူနာ (၁) ဦး၊ မြို့မရပ်ကွက် ၊ တမံ - ၁ လမ်းမှ သံသယလူနာ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာ များကို ပြည်သူ့ဆေးရုံ(ဂွမြို့)တွင် -(၂) ဦး၊ ကိုဗစ်-၁၉ ကုသရေး Center.2 (ဂွမြို့)တွင်(၃)ဦး၊ ဆပ်သွားတိုက်နယ်ဆေးရုံတွင် (၂)ဦး ထားရှိကုသပေး သွားမည်ဖြစ်ပြီး ယနေ့ဆေးရုံဆင်းလူနာ (၂၇) ဦး နှင့်  ကုသဆဲလူနာ စုစုပေါင်း(၇၀)  ဦးတို့ရှိကြောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှသိရသည်။

မြို့နယ်ပြန်/ဆက်