ဘုတ်ပြင်း ဩဂုတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ဈေးရောင်းချရန် အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စည်ပင်သာယာဈေးအဖွဲ့မှ ယနေ့နံနက်က စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဈေးရောင်းချသူများထံ သွားရောက် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပို့တွေ့ရှိသူဦးရေ မြင့်မားလာသည့်အတွက် စည်ပင် သာယာ ဈေးအတွင်း လူသုံးကုန်ပစ္စည်း၊ စာသောက်ကုန်ပစ္စည်း၊ အသားငါး ၊ အသီးအရွက်နှင့်မုန့်မျိုးစုံ ရောင်းချလျက်ရှိသည့် ဈေးရောင်းချနေသူများက ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ၊ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ကြရန်၊ လက်အိတ်များ အသုံးပြုကြရန် ၊ လက်သန့်ဆေးရည် ၊ ဆပ်ပြာရည်တို့ကို အသုံးပြု၍ လက်ကို မကြာခဏ သန့်စင်ကြရန်နှင့် လူစည်းကားရာနေရာဖြစ်သည့်အတွက် မိမိကိုယ်ကိုအလေးထား၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချရန် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ထံမှသိရှိရသည်။
မြို့နယ်( ပြန်/ဆက်)