ကျုံပျော် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် ပြည်သူများ Mask တပ်ဆင်သွားလာမှုနှင့် ပြင်ပ သွားလာခွင့်ကတ်များ အသုံးပြုမှု ရှိ/မရှိ စစ်ဆေးခြင်းကို မြို့ဝင်စစ်ဆေးရေးဂိတ်၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အထောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးအတွက် ပြင်ပ ထွက်ခွါသွားလာသူများတွင် Mask တပ်ဆင်သွားလာမှု ရှိ/မရှိ နှင့် Stay at Home သတ်မှတ်ထားသည့် အတွက် ပြင်ပ သွားလာခွင့်ကတ်များ အသုံးပြုခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြသည်။
ထို့အပြင် ၁၂ နာရီနောက်ပိုင်းသွားလာပါက ကျန်းမာရေးကိစ္စနှင့် အခြားအရေးကြီး ကိစ္စရပ်များရှိမှ သာ ထောက် ခံချက်ဖြင့် စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ အဖျက်အမှောင့် လုပ်ငန်းများ ဆောင် ရွက်နိုင်သည့် ပစ္စည်းများ လက်ဝယ်ဆောင်ထားခြင်း ရှိ/မရှိ တို့ကိုပါတစ်ပါတည်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)