ကျောက်တော်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်တားဆီးရန်အတွက် အသိပညာပေး ခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ

ကျောက်တော်  ဩဂုတ်  ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့် အခါ တိုင်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်းကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့အဝင်အထွက် မဟာကံကြီးရှင်ဘုးရာရှေ့ နှင့်လူစည်ကားရာနေရာများ၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွှန့် ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဈေးရောင်း၊ ဈေးရောင်း ဈေးဝယ်လာသူများနှင့်ဒေသခံပြည်သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင် အသုံးပြုသွားလာကြရန်အသိပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မြို့အဝင်အထွက်နေရာများ၊ ကားဂိတ်များနှင့်လူ စည်ကားရာနေရာများသို့သွားရောက်ပြီး လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်  ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာများနှင့် အငှားယာဉ်မောင်းနှင်သူများကို အပြင်ထွက်လျှင်ပါးစပ်နှင့်နှာခေါင်း စည်းတပ်ဆင်သွားလာကြရန်နှင့် နှာခေါင်းစည်း Mask မပါရှိသူများအား ပါးစပ်နှာခေါင်းစည်း (Mask)များ  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း