ဟားခါး ဩဂုတ် ၁၂
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဆေးဆိုင်များ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိနှင့် ဈေးနှုန်းကြီးမြင့်ရောင်းချမှုရှိ မရှိကို ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့က ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခေတ္တပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှူးနှင့်အတူ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်း ပါဝင်စစ်ဆေးခဲ့ပြီး ဟားခါးမြို့နယ်အတွင်းရှိ ဆေးဆိုင်များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိကြောင်းနှင့် ဈေးနှုန်းကြီးမြင့် ရောင်းချမှု မရှိ ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း ဟားခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)