မြို့သစ် ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက်အောက်ဆီဂျင်လိုအပ်ချက်အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် မှုဖြင့်မြို့သစ်မြို့နယ် ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဌာနဆိုင်ဆိုင်ရာများ ပူးပေါင်း၍ ယနေ နံနက်ပိုင်းက မြို့သစ်မြို့နယ် ပုလင်းကျေးရွာအနီးရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တည်ဆောက်မည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက် လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၉၆ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ၊ယင်းအောက်ဆီဂျင် စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော် ရှိကြောင်း ၊ လိုအပ်သော စက်ရုံတည် ဆောက်ခြင်းနှင့် အခြားဆက်စပ်လုပ်ငန်း များကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ရှိမြို့မိမြို့ဖများနှင့်ပရဟိတအဖွဲ့များ၊ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျ ငွေကျပ် သိန်း ၆၅၀ ကျော်ကုန်ကျမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှသိရသည်။
ကိုဇော်(ပြန်/ဆက်)