နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈၂ ဦး နမ့်စန်မြို့မှဖြတ်သန်း၍ နေရပ်အသီးသီးသို့ ဆက်လက်ထွက်ခွာ

နမ့်စန်(တ)  သြဂုတ် ၁၂

လာအိုနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ကြပြီးအကြောင်းအမျိုးမျိုးကြောင့် နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် သို့ ယမန်နေ့ ညနေ ၄ နာရီ ၅၀မိနစ်အချိန်တွင်  ရောက်ရှိခဲ့ကြကြောင်းသိရသည်။

မော်တော်ယာဉ် ၄ စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၁၆၃) ဦး၊ မ (၁၁၉) ဦး စုစုပေါင်း( ၂၈၂) ဦးကို မြို့နယ်မှတာဝန်ရှိသူများက  အမှတ်(၂) ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင်ကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ နမ့်စန်မြို့နယ်တွင် ဆင်းသည့် ခရီးသည်မရှိသည့်အတွက် ခရီးသည်များမှာ ညနေ ၄ နာရီ ၅၅ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်