မတ္တရာ သြဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းကို ဇူလိုင်လ ၃၁ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ အထက(မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာစုရပ်များတွင် ယနေ့နံနက်၉နာရီအချိန်မှ စတင်၍ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသက် ၆၅ နှစ် အထက် သက်ကြီး ဘိုးဘွားများ၊ ၁၈နှစ်အထက် ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်များနှင့် တည်ငြိမ်အေးချမ်းရေး အဖွဲ့ဝင် များ၊ ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များနှင့် ပရဟိတအသင်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင် များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရန် မီးသတ်တပ်ဖွဲ့ ဝင်များပူးပေါင်း၍ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။ မတ္တရာမြို့နယ်တွင် ယနေ့အထိ လူဦးရေ(၄၇၂၅)ဦးအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ဦးစားပေး အဆင့်အလိုက် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)