ကန့်ဘလူ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများလိုအပ်သောဆေးဝါး များ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးနှင့် လိုအပ်ချက်များ၊ စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်း အဖွဲ့သည် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိဆေးဝါးရောင်းချလျက်ရှိသော ဆေးဆိုင် ၉ ဆိုင်သို့ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆေးဆိုင်များသည် မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနသို့ လိုင်စင် လျှောက်ထားဆောင်ရွက်သည့်ဆေးဆိုင်များဖြစ်ပြီး ဆေးဆိုင်များအနေဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်း ချပေးလျက်ရှိသည်။ ဆေးဆိုင်များသည် ဆေးဝါးများအား စျေးနှုန်းမြှင့်တင် ရောင်းချမှု မရှိ၍ စျေးနှုန်းကြီးမြင့်မှုမရှိကြောင်း၊ လတ်တလောဆေးဝါးများမှာ ယူရရှိမှုခက်ခဲသဖြင့် ဆေးဝါးများ သိုလှောင်ထားရှိမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ ဒေသအတွက် အများပြည်သူအများဆုံး အသုံးပြုနေသော ဆေးဝါးများဖြစ်သည့် Cefixime, Azithromycin, Amoxil, Flumox, Paracetamol, Cevit, Enervon C, Doxycycline, စသည့်ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရ သည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)