ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

ဒေးဒရဲမြို့ ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးသော သာသနနွယ်ဝင်ရဟန်း သံဃာတော်များ၊ ဝန်ထမ်းများ၊ ဈေးရောင်းချသူများ၊ အနှေး ယာဉ် လုပ်သားများနှင့် မော်တော်ယာဉ်မောင်းသူများကို ယမန်နေ့ နံနက်(၈)နာရီ မှစ၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ ကရဝိတ်ခန်းမ၌ ပထမအကြိမ်အဖြစ်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။ ၎င်းကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ဒေးဒရဲမြို့နယ်တွင် ဆေးထိုးစုရပ်အလိုက် ဆက်လက် ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေးထိုးပြီးသူ (၄၁၁၃)ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အေဇာလင်း