ပေါက် သြဂုတ် ၁၂
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ထန်းတပင် ၊ ရှားတော၊ သရက်တော ကျေးရွာများသို့ လှည့်လည် ၍ ယနေ့ နံနက်ပိုင်း က အ သံချဲ့စက်ဖြင့် အသိပညာပေး နှိုဆော်ခဲ့ကြပြီး အ ကြောင်းအမျိုးကြောင်း နေအိမ်ပြင်ပသို့ သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစီး Mask များစနစ်တကျတပ်ဆင်ရေးအသိပညာပေးခြင်းနှင့် Maskများ အခမဲ့ဖြန့်ဝေခြင်း များကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော်ဆောင် ရွက်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးကတော့ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာနေထိုင်ကြရန် သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ကြောင်း ၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန် ၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အခြားသူများနှင့်အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြပါရန် (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း စကား ပြောခြင်း ၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ် ကြပါရန် ၊ လူစုလူဝေးပြုလုပ်ခြင်း ၊ သွားလာခြင်းကိုရှောင်ကြပါ ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်စနစ်တကျဆေးပါ ၊ လက်ကို မကြာခဏဆေးကြောကြပါ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင်စွန့်ပစ်ပါ ၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့် စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါနှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို ၊ သွေးတိုး ၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါ ပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ မပျက် မကွက်စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တား ဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျေးရွာများ အဝေအသံချဲ့စက်ဖြင့်လိုက်လံတိုက်တွန်းအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)