အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံ​ပေး

အရာတော်     ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပထမ တစ်ကြိမ် ထိုးနှံပြီး ဒုတိယအကြိမ် မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ​နေ့ နံနက်(၈) နာရီအချိန်က မြို့နယ်ပြည်သူ့​ဆေးရုံ ဆာဆာကာဝါခန်းမတွင်ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်ချက် များနှင့်အညီ  မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အရာတော်မြို့နယ်တွင်  ယခုအကြိမ် ခွဲဝေရရှိသည့်  (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ(၁၀၀)ကို ပထမတစ်ကြိမ် ကာကွယ်​​ဆေးထိုးနှံထားပြီး ဒုတိယတစ်ကြိမ် ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ယ​နေ့တွင်အမျိုးသား (၃၅)ဦးနှင့် အမျိုးသမီး (၄၈)ဦး၊ စုစု​ပေါင်း (၈၃)ဦး လာ​ရောက်ထိုးနှံခဲ့​ကြကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

ယင်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျထိုးနှံပေးခဲ့​ကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်​ဆေးရရှိမှုအ​ပေါ် မူတည်၍ ဆက်လက် ထိုးနှံ​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)