ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြု (၄၀)လီတာဆံ့အရည်ပါပြီး အောက်စီဂျင်အိုး (၂၀၀)လုံးနှင့် Flow Meter (၂၀၀)ခု ထပ်မံရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး ကြည့်ရှုစစ်ဆေး

မုံရွာ၊ သြဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့မှ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်(၁၀)နာရီက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြု(၄၀)လီတာဆံ့ အရည်ပါပြီး အောက်စီဂျင်အိုး (၂၀၀)လုံးနှင့် Flow Meter (၂၀၀)ခု ထပ်မံရောက်ရှိမှုအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့အစည်းများ၊ နယ်မြေခံတပ်မတော်ဆေးအဖွဲ့များနှင့် တပ်မတော်သားများ၊ စေတနာရှင်အလှူရှင်များပူးပေါင်း၍  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး နှင့် စပ်လျဥ်းသော လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာတွင်  တိုင်းဒေသကြီး အတွင်း ခရိုင်နှင့်မြို့နယ်များသို့  ဇူလိုင်လ(၂၂)ရက်မှ စတင်ပြီး အောက်စီဂျင်အိုး(၉၀၀)ကို ဖြန့်ဝေး ပေးထားပြီး ဖြစ်ကြောင်းနှင့် ယနေ့ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက် အကူပြု (၄၀)လီတာဆံ့အရည်ပါပြီး အောက်စီဂျင်အိုး (၂၀၀)လုံးနှင့် Flow Meter (၂၀၀)ခုကို လည်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်လက်ဖြန့်ဝေပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)