တွံတေး ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင်အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မကျန်ရှိစေရန် တွံတေးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များမှ စနစ်တကျ စာရင်းပြုစုပြီး ယနေ့နံနက် ၁၁ နာရီကကျန်းမာရေးဦးစီးဌာအစည်းအဝေးခန်းမတွင် ကာကွယ်ဆေးဆက်လက် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်၊ စီးပွားရေး ဝန်ကြီးဦးအောင်သန်းဦး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမင်းနှင့် အဖွဲ့ဝင်များ ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးလှစိုးနှင့် တာဝန်ရှိသူများက ကိုဗစ်- ၁၉ ကာကွယ် ဆေးထိုးနှံပေး ရာသို့ ဆေးထိုးရန်လာရောက်သူများကို ရောဂါကူးစက်မှုမဖြစ်ပွားစေရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာဖြင့် ဝင်ရောက်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်ခြင်း၊ ဆေးထိုးပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံမှု ခံယူနေသည့် သက်ကြီးရွယ်အိုများအားကြည့်ရှုအားပေးစကားပြောကြားပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက စိတ္တသုခအသင်းရုံးတွင် တည်ဆောက်ပြီးစီးသွားသော အောက်ဆီဂျင် စက်စတင်ထုတ်လုပ်နေမှုအား ကြည့်ရှုခဲ့ပြီးစေတနာ့ဝန်ထမ်း လူမှုရေးအသင်းများအား ကိုဗစ်- ၁၉ကာကွယ်ရေးပစ္စည်းများအားပေး အပ်လှူဒါန်းရာလူမှုရေးအသင်းများမှ လက်ခံရယူကြကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဆကေသာဓာတုဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး ရွှေဆံတော် စေတီတော် မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းကာ စေတီတော်အထက် ပစ္စယံရှိ “အောင်ဓာတ်ပေါင်းစုံ” ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညိုခဲ့ပြီး ဂေါပကရုံးတွင် မြို့နယ်သံဃာ့ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တနန္ဒောဘာသနှင့် ဆရာတော်သံဃာ့တော်များအား လှူဖွယ် ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက တွံတေးမြို့နယ် အရိုးတောင်ကျေးရွာအုပ်စု၊ ဇောတိကျေးရွာရှိ Kyaw Lay Kyaw ကုမ္ပဏီလီမီတက်၏ ကျွဲ၊ နွားယာယီစုဆောင်းခြံသို့ရောက်ရှိပြီး အသားတိုး နွားမွေးမြူထားရှိမှု အခြေအနေအား လိုက်လံကြည်ရှုခဲ့သည်။ ဆက်လက်၍ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တွံတေးမြို့နယ် ရန်ကုန်ပေါက်ကျေးရွာအုပ်စုရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်အတီ တွံတေးငါး လုပ်ငန်းစခန်းသို့ သွားရောက်ရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးတင်မောင်ထွဋ်၊ စခန်း တာဝန်ခံ ဦးဝင်းမြင့်နှင့် စခန်းတာဝန်ရှိသူများကတွံတေးစိုက်ပျိုးမွေးမြူရေးစခန်းအတွင်း ငါးမွေးမြူ ထုတ်လုပ်မှု အခြေအနေအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ဝန်ကြီးလျုပ်နှင့်အဖွဲ့သည် ထူးသစ် ကုမ္ပဏီမှဧက(၃၅၀)အတွင်းငါး၊ ပုဇွန်မွေးမြူထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ရပ်ကွက်(၈)ရပ်ကွက်၊ကျေးရွာအုပ်စု( ၆၅)အုပ်စုမှ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား( ၁၃၃၈၃)ဦးကျန်ရှိ မှုကို ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဩဂုတ်လ(၂)ရက်နေ့ မှစ၍ နံနက် (၉)နာရီမှ နေ့လယ် (၂)နာရီအထိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် စုရပ်နှစ်နေရာခွဲ၍ ဆက်လက်ထိုးနှံပေး နေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)