မိုင်းယောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဆွေးနွေး

မိုင်းယောင်း ဩဂုတ် ၁၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ် သိကောင်းစရာအကြောင်း ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းနှင့် ဝန်ထမ်းများက “မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ် ဖွယ်”၊ “ဆေးလိပ်၊ ကွမ်းယာရှောင်ကြဉ်ပါ”၊“ဆေးလိပ်ဆေးရွက်ကြီး ကြောင့်ဖြစ်သော ရောဂါများ”နှင့် “အိမ်တွင်းဆေးလိပ်မီးခိုးငွေ့များသည် ကလေးငယ်များအား ကျန်းမာရေး ထိခိုက်စေပါသည်” စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

 

စိုင်းအောင်ဇော်လင်း