တွန်းဇံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

တွန်းဇံ  ဩဂုတ် ၁၂

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်  ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အထိ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံရာတွင် ဌာနဆိုင်ရာဝန်ထမ်း(၉)ဦး၊ ဝန်ထမ်း မိသားစု (၃၈)ဦး၊ ဘာသာရေးအသင်းခေါင်းဆောင်(၁၀)ဦး၊ အသက်(၆၅)နှစ်နှင့်အထက်ရှိသူ (၃၄)ဦး၊ Volunteer/ ပရဟိတ(၁၇)ဦး၊ Volunteer/ပရဟိတမိသားစု(၂၄)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း (၁၁)ဦး၊ ဈေးသည်(၁၅)ဦးနှင့်ကျန်းမာရေးဝန်ထမ်း(၁၄)ဦး စုစုပေါင်း(၁၇၂)ဦးကိုလည်းကောင်း ကျီခါးမြို့ အား/ကာခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်း(၄)ဦး၊ ဝန်ထမ်းမိသားစု(၁၉)ဦး၊ Volunteer/ပရဟိတ(၂၁)ဦး၊ Volunteer/ပရဟိတ မိသားစုဝင်(၄)ဦး၊ အသက်(၆၅)နှစ်နှင့်အထက်ရှိသူ(၁၆)ဦးနှင့် ဈေးသည်(၇)ဦး စုစုပေါင်း(၉၀)ဦးကိုလည်းကောင်း တွန်းဇံမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူ(၄၁၄)ဦးအား ထိုးနှံပေးပြီးဖြစ်သည်။ တွန်းဇံမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၅၂၀)လုံး ခွဲဝေချထားပေးလျက်ရှိရာ လက်ရှိတွင်(၂၉၉)လုံး အသုံးပြုခဲ့ပြီး(၂၂၁)လုံး ကျန်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။