မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေး

မကွေး     ဩဂုတ်    ၁၂

မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ စုရပ်အသီးသီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးရာတွင် အသက်အရွယ်ကြီးသူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပါဝင်မှုမမာဏတိုင်းတာခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အနေအထားမှသာ ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ပထမဦးစားပေး ထိုးနှံပေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ဦးစား ပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ပြည်သူများ လွယ်လင့်တကူ ထိုးနှံနိုင်ရေး မကွေးမြို့နယ်တွင် စုရပ် (၈) နေရာ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုအောင်