ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တာယောစိုက်ပျိုးရေးစပါးမျိုးစေ့ထုတ် မျိုးသန့်ခြံသို့ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ရှိ ဘုန်းတော်ကြီးပညာသင်ကျောင်း ထပ်အိမ်ဂူပရဟိတ ကျောင်းသို့သွား ရောက်ကာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ထောက်ပံ့ ငွေကျပ် (၁၉၁၄၇၅၀) များပေးအပ် လှူဒါန်းပေး ကြပြီး ထပ်အိမ်ဂူပရဟိတတိုက် အုပ်ဆရာတော် ဦးသုမင်္ဂလဆရာတော်မှ ရေစက်သွန်းချအမျှပေးဝေကြကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် Oxygen Plant တည်ဆောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် Oxygen Plant တည်ဆောက်နိုင်ရေး အတွက် တရုတ်နိုင်ငံမှ တစ်နာရီလျှင် 40 liter အိုး 9လုံး (24နာရီကို အိုးကြီး 200 ခန့်) ထွက်ရှိမည့် NZO-50 Oxygen Plant model အား U$55710 ဖြင့် ဝယ်ယူပြီးဖြစ်ပါကြောင်းနှင့် အမြန်ဆုံး တပ်ဆင် ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ သံသယရှိပါက စစ်ဆေးကုသမှုခံယူနိုင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လက်ရှိ ဖြစ်ပွားလျက် ရှိသော ကိုဗစ်-၁၉ ရောဂါ အခြေအနေများနှင့် မိမိတို့ကိုယ်တိုင် သော်လည်းကောင်း မိမိတို့ပတ်၀န်းကျင်ရှိ ပြည်သူများထံတွင်သော်လည်းကောင်း နေမကောင်းလျှင်ဖြစ်စေ၊ ချောင်းဆိုးလျှင် ဖြစ်စေ၊ အနံ့အရသာမရလျှင်ဖြစ်စေ၊ မိမိကိုယ်မိမိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည်ဟု သံသယ ဖြစ်လျှင်ဖြစ်စေ အောက်ပါ နေရာများတွင် စစ်ဆေးနိုင်ကြရန် အသိပေး ကြေညာထားကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၁၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများ သိရှိလိုက်နာရမည့် အချက်များအား အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်  ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၀၃)ဦးထိ ရှိပြီး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဦးသတ်ဦးစီးဌာနတို့ပူးပေါင်း၍  ဖာပွန်မြို့ပေါ်ရပ်ကွက်များတွင် သွားရောက် လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

ကော့သောင်းမြို့တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး ပါဆယ်စနစ်ဖြင့်ရောင်းချမှုရှိမရှိ ကြပ်မတ်စစ်ဆေး

ကူးစက်မှုမြင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပါဆယ်စနစ်ဖြင့် ရောင်းချမှုရှိမရှိ ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ ကိုဗစ်ကာလ ကြက်ခြေနီအသင်း၏ ကူညီဆောင်ရွက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ကြက်ခြေနီအသင်း၏ ကူညီဆောင်ရွက်မှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဩဂုတ် ၁၃ ရက်က အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ကာမိုင်းမြို့ပေါ်တွင် ကိုဗစ်ရောဂါ ပိုးတွေ့လူနာတစ်ဦး ပထမအကြိမ်တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မြို့မ-၂ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် အနံ့ပျောက်လာ၍(RDT) Test Kit ဖြင့် သြဂုတ်လ(၁၂)ရက် မွန်းလွဲ(၃)နာရီခွဲတွင် စစ်ဆေးခဲ့ရာ

ပင်းတယမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ပပျောက်ရေး ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိသဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ပပျောက်ရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ပင်းတယမြို့ပေါ် ငှက်ပျောတောရပ်ကွက်ရှိ ယာယီပျံကျဈေး၊ ပြည်တော်သာရပ်ကွက်နှင့် ဈေးတန်းရပ်ကွက်တို့တွင် ယနေ့မနက်ပိုင်းက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

မိုင်းယောင်း၌ ရေရရှိရေးလုပ်ငန်းအတွက် ရန်ပုံငွေများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၀၀ ဖြင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှုအပေါ် တတိယအရစ်အဖြစ် ရန်ပုံငွေ ၂၅ ရာခိုင်နှုန်း ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Subscribe to