မုံရွာ သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရာတွင် ကိုဗစ်-၁၉ရောဂါ ပထမလှိုင်းဖြစ်ပွားချိန် ၂၀၂၀ခုနှစ် မတ်လပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလ ယနေ့အချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် မြို့စည်ပင် သာယာရေးအဖွဲ့ပေါင်း (၅၄)ဖွဲ့ဖွဲ့ရှိကာ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးပေါင်း (၉၃)ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူ/ဈေးလာရောက် ဝယ်ယူသူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း ၊ လက်ဆေးရန်နေရာ (ဘေစင်) များ (၂၃၅)ခုထားရှိပြီး လက်ဆေးပြီးမှသာ ဝင်ရောက် စေရေး လုပ်ငန်းများအား နေ့စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ဈေးရောင်းသူ ဈေးဝယ်သူများ Mask | Faces shield များ တပ်ဆင်ပြီးမှသာ ဈေးရောင်းဈေးဝယ်စေရေးအတွက် Hand Speaker Sound Box (၁၇၈)ခုတွင် အသံသွင်း၍ အမြဲမပြတ်ဆော်ဩလျက်ရှိကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ မှသိရသည်။
ထို့အပြင် အဖွဲ့ပိုင်ဈေးများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ သတိပေး ကြော်ငြာဆိုင်းဘုတ် (၄၀၅)ခုအားလည်း စိုက်ထူချိတ်ဆွဲထားပြီး အသိပေး ဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဖွဲ့ပိုင်ဈေးများရှိ ဈေးရောင်းချသူများအား Mask နှင့် Faceshield များ တပ်ဆင်ပြီးမှသာ ဈေးရောင်းချစေရေး ၊ မတပ်ဆင်ပါက ဈေးရောင်းချခြင်းမပြုရန် အဖွဲ့ဝန်ထမ်းများဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရရှိသည်။
ခရိုင်(ပြန်/ဆက်)