နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ အသုံးပြုရန် အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

နမ့်စန်(တ) ဩဂုတ် ၁၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ(တတိယလှိုင်း) ကာကွယ် ထိန်းချုပ်ရေး နှင့်ကုသရေးလုပ်ငန်းများ၌ အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ယနေ့ နံနက် ၁၁ နာရီတွင် အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

Cornerstone Resource (လုံချိန်) Co,Ltd မှ တာဝန်ရှိသူများက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံသို့ ၄၀ လီတာဆန့် အောက်စီဂျင်အိုး ၁၀ လုံးနှင့် Oxygen Flow Meter (၁၀) ခု (စုစုပေါင်းတန်ဖိုး ၄၅ သိန်းကျပ် )ကို ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုး ၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)