နောင်တရား ဩဂုတ်လ ၁၅
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံသို့ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးတွင် အသုံးပြုနိုင်ရန် အတွက်ကုသရေးသုံးပစ္စည်းများကို အလှူရှင်များက ယနေ့ နံနက်ပိုင်းတွင် လာရောက်လှူဒါန်းသည်။
နောင်တရားတိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ကုသရေး လုပ်ငန်းတွင် အသုံးပြုနိုင်ရန် ကိုမြတ်ဇင်၊ မယုယုလွင် မိသားစုတို့မှ OxygenConcentrator 10L စက် တစ်လုံး၊ 40L Oxygen Cylinder နှစ်လုံး၊ Pulse Oxymeterတစ်ခုကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကူးစက်မှုများပြားလာသည့်အတွက် ပိုးတွေ့လူနာများကိုကျန်းမာရေး စောင့်ရှောက်နှင့် ကုသရေးလုပ်ငန်းများတွင် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှု ပစ္စည်းကိရိယာများလိုအပ်လျက်ရှိကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)