မော်လမြိုင် ဩဂုတ် ၁၅
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီ က မော်လမြိုင်မြို့၊ ကျောက်တန်းစက်ရုံစုတွင် မွန်ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အသုံးပြုရန် ဝိသာခါဖောင်ဒေးရှင်း မှလှူ ဒါန်းသော ငွေကျပ်သိန်း ၁၅၀ တန်ဖိုးရှိ Liquid အောက်ဆီဂျင် တန် ၂၀ ကိုလက်ခံရယူပြီး အောက်ဆီဂျင် ဖြည့်တင်းနေမှုအား ကြည့်ရှုစစ်ဆေးကာ အထွေထွေရောဂါကုဆေးရုံကြီး၊ မြို့ နယ်ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများသို့ လိုအပ်သည့် အောက်ဆီဂျင် များ အချိန်နှင့်တစ်ပြေးညီ လျင်မြန်လုံလောက်စွာ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်းက အောက်ဆီဂျင်များ လှူဒါန်းပေးသော ဝိသာခါဖောင်ဒေးရှင်းသို့ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ရာ အလှူရှင်ကိုယ်စားပြည် နယ်ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်းကလက်ခံ ရယူသည်။
အဆိုပါ Liquid အောက်ဆီဂျင်များကို ထိုင်းနိုင်ငံမှ ဝယ်ယူနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ မော်တော်ယာဉ်ဖြင့် သယ်ယူ၍ သြဂုတ် ၁၄ ရက် နေ့ညပိုင်းတွင်မော်လမြိုင်၊ ကျောက်တန်းစက်ရုံစုသို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် အောက်ဆီ ဂျင်စက်ရုံများသို့ ပေးပို့ကာပြည်သူ့ဆေးရုံကြီး၊ တပ်မတော်ဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံ များနှင့် ပရဟိတလူမှု ကူညီရေးအဖွဲ့များသို့ လိုအပ်သည့် အောက်စီဂျင်များ ဖြန့်ဖြူးဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊