တောင်တွင်းကြီး ဩဂုတ် ၁၅
တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများမှ အနံ့မရရှိကြောင်း သတင်းပေးပို့လာသူများနှင့် ၎င်းတို့နှင့်ထိစပ်သူများအား ယမန်နေ့နံနက်က RDT Test kit ဖြင့်စစ်ဆေး ခဲ့ရာ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၇)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ညနေအထိ စုစုပေါင်းပိုးတွေ့ အတည်ပြုလူနာ(၉၀၇)ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ယနေ့ညနေအထိ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ စုစုပေါင်း(၇)ဦးတို့မှာ ချောင်းနက်ကျေးရွာ၊ ဝက္ကသေးကျေးရွာ၊ သဖန်းကုန်းကျေးရွာ၊ ရွှေအင်ပင်ကျေးရွာ၊ ဆိတ်ဖူးကျင်းကျေးရွာ၊ ဆတ်သွားကျေးရွာတို့မှ ဖြစ်သည်။
တောင်တွင်းကြီးမြို့နယ်တွင် ယနေ့ညနေအထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာစုစုပေါင်း (၉၀၇)ဦးနှင့် သေဆုံးသူ(၆၅)ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။
ဦးနိုင်ဝင်း