ဘားအံ ဩဂုတ် ၁၅
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မြန့်မာစီးပွားရေးဘဏ် ကရင်ပြည်နယ်ရုံးနှင့် ခရိုင်၊ မြို့နယ် ဘဏ်ခွဲများမှ ဝန်ထမ်းမျာအား အခြေခံစားကုန် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀) နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ် အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ရောဂါ ဖြစ်နေစဉ်ကာလအတွင်း အခြားဝန်ထမ်း များအား ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသော်လည်း ဘဏ်ဝန်ထမ်းများအနေဖြင့် ပိတ်ရက်မရှိဘဲ တာဝန်ထမ်းဆောင်ပေးခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ရုံးပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပေးထားသော်လည်း မဖြစ်မနေ တာဝန်ထမ်းဆောင်ရန် လိုအပ်သည့် ဌာနများတွင် ဘဏ်များသည်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခက်အခဲများကြားမှ မိမိတို့၏တာဝန်ကို ကျေပြွန်အောင် စေတနာပါပါ တာဝန်ထမ်းဆောင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားကုန်နှင့် ထောက်ပံ့ငွေများပေးအပ်ရာ ပြည်နယ် မန်နေဂျာမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မြန်မာ့စီးပွားရေးဘဏ် ကရင်ပြည်နယ်ရုံးနှင့် ခရိုင်၊ မြို့နယ် ဘဏ်ခွဲ များမှ ဝန်ထမ်းများအတွက် ငွေကျပ်(၂၁)(နှစ်ဆယ့်တစ်သိန်း)ကျော် တန်ဖိုးရှိ အခြေခံစားကုန် များနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)