ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု နှင့်ဘားမဲတောင်သဘာဝဥယျာဉ် တည်‌ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေး

 

ဘားအံ  ဩဂုတ် ၁၅

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်(၁၀)နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက် သစ်ရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု၊ အောက်ဆီဂျင်စက် ယာယီထားရှိမှုနှင့် ဘားမဲ တောင်သဘာဝဉယျာဉ် တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ပြည်နယ်စည်ပင်သာယာရေး ပိုင်မြေပေါ်၌ Steel Structure အဆောက် အဦအမျိုးအစား အောက်စီဂျင်စက်ရုံတည်ဆောက်နေမှု၊ ဩဂုတ်လ(၁၂)ရက်နေ့ ညနေပိုင်းက မှာယူ ရောက်ရှိပြီးဖြစ်သည့် အောက်စီဂျင်စက်ယာယီထားရှိမှု အခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တည်ဆောက်လျက်ရှိသည့် အောက်စီဂျင်စက်ရုံအနေဖြင့် ဩဂုတ်လ (၁၈)ရက်နေ့တွင် ပြီးစီး မည်ဖြစ်ပြီး အဆိုပါအောက်စီဂျင်စက်မှ တစ်နေ့လျှင် အောက်စီဂျင်(၄၀)လီတာ စလင်ဒါအိုး (၂၀၀)ခန့် ထွက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ ဘားမဲတောင်သဘာဝဥယျာဉ် တည်ဆောက်မှုအခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရဦးမြင့်သူနှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။