နောင်တရား ဩဂုတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ရောင်းဝယ်ရန်ခက်ခဲသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များ ပူးပေါင်းဝယ်ယူ၍ ရန်ကုန်မြို့အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ ယနေ့ကုန်ချိန် (၁၀၀၀၀)ခန့် ပေးပို့လှူဒါန်းသည်။
နောင်တရားဒေသအတွင်းရှိ စိုက်ပျိုးရေးထွက်ကုန်များမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု များပြားနေသည့် ကာလအတွင်း ကုန်သည်များ ဝယ်ယူမှုနည်းပါးပြီး ရောင်းချရန် မလွယ်ကူခြင်းကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေး၏ ဦးဆောင်မှုဖြင့် အလှူရှင်များ ပူးပေါင်း၍ နောင်တရားဒေသအတွင်းရှိ ရောင်းဝယ်ရန်ခက်ခဲသည့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ခရမ်းချဉ်သီးနှင့်ဂေါ်ဖီထုတ်များကို ကျေးရွာအရောက် ဝယ်ယူ၍ လိုအပ်နေသည့် ရန်ကုန်မြို့ အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ ကုန်ချိန် (၁၀၀၀၀)ခန့် ပေးပို့လှူဒါန်းသည်။ အလှူရှင်များက ဝယ်ယူ၍ လိုအပ်သောပြည်သူများသို့ ပြန်လည်လှူဒါန်းခြင်းကြောင့် စိုက်ပျိုးရေး တောင်သူများ ဆုံးရှုံးမှု နည်းပါးသွားကြောင်း သိရသည်။
ခွန်အောင်