လပွတ္တာ သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram)ထိုးရန် ကျန်ရှိနေသော လပွတ္တာမြို့နယ် မြို့မရဲစခန်း အချုပ်ခန်းမှ အချုပ်သူ၊ အချုပ်သားများကို ယနေ့နံနက်(၁၁:၀၀) အချိန်က လပွတ္တာမြို့နယ် မြို့မရဲစခန်း အချုပ်ခန်းရှေ့တွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်ရဲတပ်ဖွဲ့၊ လပွတ္တာမြို့မရဲစခန်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အချုပ်သား ကျား(၁၀)ဦးနှင့်မ(၄)ဦး၊စုစုပေါင်း(၁၄)ဦးအား ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဆရာ၊ ဆရာမ ၁၀ဦးတို့က လာရောက် ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ဆေးထိုးနှံမှု အခြေအနေများကို ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူတို့မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုများကို ကြီးကြပ်ခဲ့ကြောင်း သိရသည်။
ယောဧရာ