ဒဂုံဆိပ်ကမ်း ဩဂုတ် ၁၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စက်မှုဇုံကနောင်ခန်းမ၌ ယမန်နေ့ နံနက် (၉:၁၅) နာရီမှစတင်၍ စက်ရုံ(၁၄) ရုံမှ စက်ရုံလုပ်သား(၃၄၅)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးပေးခဲ့ကြောင်း သတင်းရရှိပါသည်။
စက်ရုံလုပ်သားကာကွယ်ဆေးထိုးပေးသည့် ကနောင်ခန်းမသို့ အလုပ်သမား၀န်ကြီးဌာန၊လူမှု ဖူလုံရေးအဖွဲ့မှ ဒုတိယညွန်ကြားရေးမှူးဦးထွန်းကြိုင်၊ တိုင်းတာ၀န်ခံလက်ထောက်ညွန်ကြားရေး မှူး ဦးသိန်းနွဲ့ဦး၊ ခရိုင်တာ၀န်ခံဦးစီးအရာရှိ ဒေါ်ညွန်နွယ်စိုး၊မြို့နယ်အဆင့်တာ ၀န်ခံများ၊မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးစိုးလွင်၊ အဖွဲ့၀င် ဦးလှကြည်တို့ တက်ရောက်ကြည့်ရှု့ခဲ့ပြီး စက်ရုံလုပ်သားများကို ကာကွယ်ဆေးဆက် လက်ထိုးပေးနိုင်ရန်နှင့် ကာကွယ်ဆေးထိုးပြီးပါကလည်း ကျန်းမာရေးညွန်ကြားချက်များနှင့် ဆက်လက်နေထိုင်နိုင်မှသာ ရောဂါကူးဆက်မှုကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း၊ စက်ရုံလုပ်သား များ၏ ကျန်းမာရေးဆိုင်ရာ အလုပ်သမားခံစားခွင့်များ၊လိုအပ်ချက်များကိုမေးမြန်း၍ ဆေးထိုး နေမှုအခြေအနေများကို ကြည့်ရှု့အားပေးခဲ့ကြောင်းသတင်း ရရှိပါသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းတွင်ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး များဆက်လက်ထိုးပေးလျက်ရှိရာ (၆၅)နှစ်အထက်အဘိုး၊ အဘွား(၁၆၄၇)ဦး၊ ကျန်းမာရေး၀န် ထမ်း(၄၁)ဦး၊ volunteer၊ပရဟိတ(၂၆၈)ဦး၊ ဘုန်းကြီးသီလရှင်(၁၅၈)ဦး၊ နိုင်ငံ၀န်ထမ်း (၂၆၁)ဦး၊ ၀န်ထမ်းမိသားစု(၄၉)ဦး၊ ပုဂ္ဂလိကစက်ရုဲ၊ အလုပ်ရုံ၀န်ထမ်း(၃၄၅)ဦး၊ ဟိုတယ်၊ မော်တယ် တည်းခိုခန်း(၁၁)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှ(၁၄)ဦးစုစုပေါင်း(၂၈၀၈)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးပေးပြီးဖြစ်ကြောင်းနှင့် မြို့နယ်ပြ ည်သူ့ဆေးရုံနှင့် ကနောင်ခန်းမ တွင် ကာကွယ်ဆေးများဆက်လက်ထိုးပေးနေကြောင်း ကိုမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီထံမှ သတင်းရရှိပါသည်။
လဲ့လဲ့