သသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါကအလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ

ရွှေတောင် သြဂုတ် ၁၈

 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ (မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်လဲ) ခြင်းနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်းနှင့် နယ်မြေ မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများအသင့်စုဖွဲ့ထားရှိပါသည်။

မြို့နယ်အတွင်း မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက မြို့နယ် မီးသတ်ဦးစီးမှူးရုံး ph 053-55191 အား ၂၄နာရီတိုင်း ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါ ကြောင်းရွှေတောင်မြို့နယ်မီး သတ်ဦးစီးမှူးရုံးမှ သိရသည်။

ကိုကိုမင်း