ဧရာဝတီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ လေးမျက်နှာမြို့နယ် ကိုဗစ်စင်တာများရှိ ကိုဗစ်လူနာများအား နေ့လယ်စာ အဟာရလှူဒါန်း

လေးမျက်နှာ   သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် COVID-19(Positive) လူနာများအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အာဟာရဒါနလှူဒါန်းမှုအား ပေးအပ်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံနှင့် အိုင်သပြု တိုက်နယ်ဆေးရုံတို့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲရင့်နောင့်တို့မှ ယနေ့နေလယ်စာ အတွက် လေးမျက်နှာဆေးရုံရှိ လူနာများအတွက် ထမင်းဘူး(၃၅)ဘူး၊ အိုင်သပြုတိုက်နယ်ဆေးရုံရှိ လူနာများအတွက် ထမင်းဘူး(၃၈)ဘူးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)