ထူးကြီးမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်ရေး စစ်ဆေးခြင်း ဆောင်ရွက်

အင်္ဂပူ  ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား သတ်မှတ် အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် ထူးကြီးမြို့အတွင်းရှိ ဆေးဆိုင်များသို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုးနှင့် တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင် စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်ကုသရေး ဆေးဝါးများနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လတ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးအတွက် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)